ဘူးသီးတောင်မြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာ၀န်ရှိသူများ စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ဘူးသီးတောင်ဒေသသို့ အနီးကပ် ကြီးကြပ်နိုင်ရန် တာဝန်ပေးခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ယမန်နေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် (ဂန္ဓာမာကျေးရွာ) အခြေခံပညာမှုလတန်းကျောင်းသို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ရောက်ရှိ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာများသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန်  ပေါက်တောမြို့သို့ ရောက်ရှိလျက်ရှိကြသည်။

ဘူးသီးတောင်မြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူနေအိမ်များ အမိုးလန်ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စုနှင့် နန်းရာကုန်ကျေးရွာအုပ်စု စာသင်ကျောင်းများ၌ ပေးအပ်ခဲ့ကြသည်။

ရသေ့တောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်သင့်ခဲ့သည့် စာသင်ကျောင်းများ၊ ယာယီဆေးပေးခန်းဖွင့် လှစ်ထားမှု၊ သောက်ရေဖြန့်ဝေပေးမှုနှင့် ရှာ‌ဖွေကယ်ဆယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်‌နေမှုများအား ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာ၀န်ရှိသူများ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း၌ မုန်တိုင်းဒဏ်‌ကြောင့်ပျက်စီးဆုံးရှုံးခဲ့မှုများအား ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက်  ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနိုင်လင်းထက်၊ တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သောနေရာများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သွားရောက်ကြမည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား နှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)ဖြတ်သန်းတိုက်ခတ်မှုကြောင့်ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သွားရောက်ဆောင်ရွက်ကြမည့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ ဝင်များအား မေလ ၂၀ ရက်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးနှုတ်ဆက်ခဲ့ကြ သည်။

ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီက စနစ်တကျထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများက စိတ်အေးချမ်းစွာလာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူး အသက်(၁၈)နှစ်​အောက် အမျိုးသား​ဘောလုံးအသင်းချစ်ကြည်​ရေး ​ခြေစမ်း​ဘောလုံးပြိုင်ပွဲ ကြည့်ရှုအား​ပေး

၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ကရင်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့ ​ချစ်ကြည်​ရေး​ခြေစမ်းဘောလုံးပြိုင်ပွဲကို ​မေလ ၂၀ ရက်​နေ့၊ ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ​ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များတက်​ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှု

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိအမှတ် (၅)အခြေခံပညာအထက်တန်း ကျောင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ သည်။

၂၀၂၃- ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကော့မှူး၌ ထုတ်ချေး

ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ -ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးနေကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to