ပုဗ္ဗသီရိမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အခြေခံအားကစားသင်တန်းဆင်းပွဲ ပြုလုပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် နွေရာသီကျောင်းပိတ်ရက် အခြေခံအားကစားသင်တန်းဆင်းပွဲကို YGW ပရဟိတဂေဟာတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။