ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီ အသင့်ဖြစ်စေရေး သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများအား တစ်တိုင်းလုံးအနေဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ပြည်သူများမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေလ (၂၀)ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းများသို့ သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွား စေရေးအတွက်