တွံတေးမြို့နယ်၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းကုသပေး

တွံတေး မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုသဌာနမှ ရပ်ကွက်၊ ကျေးရွာရှိ မိဘပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရေး ဟောပြောပွဲနှင့် အခမဲ့ကွင်းဆင်းကုသခြင်းကို အိုးဖိုအရှေ့ရပ်ကွက် သာယာကုန်းမဟာဝေပုလ္လဣစ္ဆာသယ ပရိယတ္တိသီလရှင်စာသင်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါစာသင်တိုက်ရှိ နေလသုခကျောင်းဆောင်တွင် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ထို့သိုဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ တွဲဖက်တာဝန်ခံ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေဇင်စိုးက စာသင်တိုက်အတွင်းရှိ  သီလရှင်ဆရာကြီး၊ ဆရာလေးများကို ရာသီတုပ်ကွေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောရာတွင် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများအကြောင်း တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရအကြောင်း၊ ယခုရာသီ၌ စာသုံးရန်သင့်သော အစာအစားများ၊ ရှောင်သင့်သောအစာအစားများအကြောင်း ဟောပြောကာကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များဝေခြင်း တိုင်ရင်းဆေးမှူးနှင့်ဝန်ထမ်းများက အကြောတက်၊ ဒူးနာ၊ ဆီးချိုရောဂါ၊ ယားနာ၊ ဆီးရောဂါ၊ သွေးတိုးရောဂါနှင့် ရာသီတုပ်ကွေးရောဂါများအား ကွင်းဆင်း ကုသပေးရာ သီလရှင်ဆရာကြီး၊ ဆရာလေး(၂၅)ပါးနှင့်ဒကာ၊ ဒကာမများ လာရောက်ကုသကြကြောင်း သိရသည်။

တွံတေးသား