စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်
နွေရာသီကာလအပူရှိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ်နိုင်သည့်အတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၃)နာရီက လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။