ဆိပ်ကြီးခနောင်တို မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်း၏ အရှိန်ဖြင့်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ဆိပ်ကြီးအနောက်ရပ်ကွက်၊ သခင်ဘသောင်းရပ်ကွက်၊ ဦးထွန်းအိုရပ်ကွက်၊ ပန်းပင်ချောင်ရပ်ကွက်၊ ဆမားဒူးဝါးရပ်ကွက်နှင့် ချောင်းဝိုင်းလေးရပ်ကွက် တို့ရှိ လေဘေးသင့်အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၃၈ ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၄၂၅၀၀ဝိ နှင့် ဆန်ရိက္ခာဖိုး ကျပ် ၇၉၈၀ဝိ စုစုပေါင်း ကျပ် ၅၀၄၈၀၀ တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ အိမ်ထောင်စုဝင်များအား တစ်ဦးချင်းစီ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လေဘေးသင့်အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)