ကွမ်းခြံကုန်းမြို့နယ်၌ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံရှုံးမှုအတွက်ကူညီထောက်ပံ့သည့်ပစ္စည်းများပေးအပ်ပွဲ

ကွမ်းခြံကုန်း မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မေလ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သော လေဘေးအန္တရာယ်ကြောင့်ဘေးလွတ် ရာစုရပ်နေရာသို့  ပြောင်းရွေ့နေထိုင်သည့် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးသူငယ်များနှင့်ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်(၃)လုံးကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့က   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌   ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ ဝင်(၂)ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးHကံထူးက ကူညီထောက်ပံ့မှု အခြေအနေအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက်ပေးအပ်ပွဲတွင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးHကံထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးရဲတင့်တို့က ကွမ်းခြံကုန်းမြို့နယ် လေဘေးအန္တရာယ်ကြောင့်ဘေးလွတ်ရာစု ရပ်နေရာသို့ပြောင်းရွေ့နေထိုင်သည့်သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးသူငယ်များ၊လူဦးရေ(၈၀၈)ဦး လုံးဝပျက်စီးခဲ့သည့်  နေအိမ်(၃)လုံးနှင့်  တစိတ်တစ်ပိုင်း  ပျက်စီးခဲ့သည့် နေအိမ်(၅)လုံးအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့် ထောက်ပံ့ပစ္စည်းတန်ဖိုးငွေကျပ် (၂၄၂၀၁၉၃ိ/) ထောက်ပံ့ပေးအပ်ခဲ့ရာ နေအိမ်များပျက်စီးခဲ့ရသည့် ပြည်သူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ ဆက်)