ထိုင်းနိုင်ငံမှနေရပ်ပြန် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား (၈၁)ဦးအား တာချီလိတ်မြို့တွင် ပြန်လည်ကြိုဆိုလက်ခံ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၈၁)ဦးတို့အား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ပြန်လည်လွှဲပြောင်းပေးခဲ့ရာ မြန်မာနိုင်ငံ၊ တာချီလိတ်မှတာဝန်ရှိသူများက မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)၌ ယမန်နေ့နံနက် (၉)နာရီအချိန်ကကြိုဆိုလက်ခံခဲ့ကြသည်။