ပျော်ဘွယ် မေ ၂၆
ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က ယခုဖွင့်လှစ်သော သင်တန်းသည် နွေရာသီ သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို သေချာစွာလိုက်နာမှတ်သားရန်လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်တွင်လည်း ယဉ်ကျေးလိမ္မာသောသူများအဖြစ် နေထိုင်သွားနိုင်ရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး ဆရာ၊ ဆရာမများက သင်တန်းကိုဆက်လက်ပို့ချသည်။
အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို (၃)ရက်တာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၅၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းပို့ချနေမှုအား မြို့နယ်ပညာရေးမှူး ဦးခင်မောင်ထွန်းနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မြကြေးမုံနှင့် အဖွဲ့ဝင်များက လေ့လာကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)