ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ မြို့နယ်အဆင့် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ကမ်းပါးပြိုကျသည့် လူနေအိမ်(၂၇)လုံးအား ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် မဲစနစ်ဖြင့်နေရာချထားဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ညောင်စာရေးကျေးရွာအုပ်စု၊ လှေကြီးစုကျေးရွာရှိ လူနေအိမ်(၂၇)လုံးအား ကမ်းပါးပြိုကျ၍ ဘေးလွတ်ရာနေရာ၌ ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် ဝယ်ယူထားရှိပြီး စနစ်တကျ မြေကွက်ရိုက်ထားပြီးဖြစ်သောမြေနေရာပေါ်တွင် ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် မဲစနစ်ဖြင့်နေရာချထားခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟို ပြုခန်းမ၌ ပြုလုပ်သည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား ယမန်နေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နေရပ်ပြန်ကျေးရွာများမှ အိမ်ထောင်စုများနှင့် တွေ့ဆုံ၊ မိသားစုများ၏ ကလေးငယ်များ ကျောင်းဖွင့်ချိန် ပညာသင်ကြားနိုင်ရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့၏ မူလနေရပ် ကျေးရွာများဖြစ်သည့် ဝိုင်းမော်မြို့နယ် ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန် ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်လျက်ရှိရာ အဆိုပါ နေရပ်ပြန်မိသားစုများ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၃ ရက် မွန်းလွဲ ၁ နာရီက ဒဘတ်ယန်ကျေးရွာ နှစ်ခြင်း ဘုရားရှိခိုးကျောင်း၌ ကျေးရွာများမှ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံသည်။

လမ်းမတော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတေယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးရည်ရွယ်၍ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် မင်းလွင်နှင့် ရင်းရှည်ကျေးရွာအုပ်စုမှ တောင်သူများအား ၂၀၂၃ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းလွင်ကျေးရွာအုပ်စုနှင့် ရင့်ရှည်ကျေးရွာအုပ်စုမှ တောင်သူများအား ချေးငွေကျပ်သိန်းပေါင်း (၃၂၃) သိန်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကသာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနေမှု လှည့်လည်ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
Subscribe to