လက်ပံတန်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများထုတ်ပေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး ကုန်ထုတ်လုပ်မှု MSME လုပ်ငန်းများအတွက် မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေးခြင်းကို မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။