ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို မြို့သစ်မြို့နယ် နဘဲကုန်းကျေးရွာတွင် ကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍“တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို ယနေ့နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ၊ နဘဲကုန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့နယ် တပ်တောင်မြို့၌ ကျောင်းအပ်နှံနေမှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

နိုင်ငံတစ်ဝန်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၁၃ နေ့နံနက်မှစတင် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ အမ်းမြို့နယ် တပ်တောင်မြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နေမှုများကို ယနေ့က မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချေက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနာကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပရာ  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပန်းအလှထိုးနည်းသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေလ ၂၅ ရက် မွန်းလွဲ (၁) နာရီက ပန်းအလှ ထိုးနည်းသင်တန်း ဆင်းပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

မိုးကောင်းမြို့၌ တောင်သူလယ်သမားများအား မျိုးကောင်းမျိုးသန့် ဆင်းဧကရီ-၃ မျိုးစပါးထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ၂၀၂၃- ၂၀၂၄ခုနှစ် မိုးရာသီအထွက်ကောင်း မျိုးကောင်းမျိုးသန့် ဆင်းဧကရီစပါးမျိုး ပြောင်းလဲစိုက်ပျိုးရေးအတွက် တောင်သူလယ်သမားများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို အဆိုပါဌာန၌ မေ (၂၆)ရက်နေ့လယ် (၁)နာရီတွင် ကျင်းပသည်။

မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမဉ္ဇူသကခန်းမ၌ မေ (၂၆) ရက် နံနက် (၁၀) နာရီတွင်ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ကန်ကြီးထောင့်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က-ကန်ကြီး‌ထောင့် အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၁)နာရီ အချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဒို့ကျေးရွာ ဂျာနယ်အတွဲ(၂၀) အမှတ် (၁၀)ပါ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသည့် ကျေးဇူးရှိလျက်အဆပ်ခက်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအားပြုလုပ်ခဲ့ကြသည်။
Subscribe to