တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ မေ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း‌၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ရွှေဒါးမောင်မြင့်ထွန်း(အမျိုးသားစာပေဆုရ)ရေးသားထားသည့် စာဖတ်ခြင်းအနုပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) နာယကစာရေးဆရာကြီး ကေတုမောင်ညိုလင်းကအမှာစကားပြောကြားပြီး တောင်ငူပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေမိုးမှ  စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  Book Club ဥက္ကဋ္ဌစာရေးဆရာမောင်ယဥ်ထွေး(တက္ကသိုလ်)က စာဖတ်ခြင်းအနုပညာစာအုပ်မှ စာဖတ်ခြင်း၊ စာဖတ်ခြင်းမိတ်ဆက်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးဝင်းမြင့်က စာဖတ်ခြင်းနှင့်ကျန်းမာခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးချစ်ကိုကိုက လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ နာယက(၂) ဦးမြသိန်းကစာဖတ်ခြင်းအနုပညာခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Women Club နှင့် Youth Club အဖွဲ့ဝင်များက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နာယက စာရေးဆရာကြီး ကေတုမောင်ညိုလင်းက ဆွေးနွေးချက်များအပေါ်ပြန်လည်သုံးသပ်ဆွေးနွေးသည်။

တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်းနှင့် (/၀၂၃)လတွင် စာရေးဆရာဆူးသစ်ရေးသားထားသည့် ခွန်အားရှိသောစာ၊ ခွန်အားရှိသောလူငယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို(ပြန်/ဆက်)