လမ်းမတော်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီက လမ်းမတော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမြမာလာခန်းမ၌ ကျင်းပပြုလုပ်ရာ အ.ထ.က(၂)လမ်းမတော်မြို့နယ်ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ခရိုင်ပညာရေးမှူးဒေါ်မာလာရီနှင့် လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသက်နောင်ဖြူတို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။

ယင်းနောက် လမ်းမတော်မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးကောင်းဇော်လင်းတို့က ကျောင်းသုံးပစ္စည်းများပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းသားကျောင်းသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက်လမ်းမတော်မြို့နယ်ပညာရေးမှူး ဆရာကြီးဦးညွန့်ဝင်းကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက်အ.လ.က(၁)လမ်းမတော်မှ ကျောင်းသား၊ ကျောင်းသူလေးများက"ညီညီညာညာကျောင်းအကျိုးပြုကြမှာ"သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၁)လမ်းမတော်မှ ကျောင်းသား၊ ကျောင်းသူလေးများက"ထာဝရသစ္စာ"သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေပေးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ကျော်ဆန်းမြင့်