ဒသမအကြိမ်မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အုတ်တွင်းမြို့နယ်ဓမ္မစကူးလ်စာဖြေဌာနမှ ပထမဆုရရှိ
ဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓ၀င်ဖြေဆိုပူဇော်ပွဲ ဖိုင်နယ်ပွဲစဥ်နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို မေ ၂၅ ရက်က ရန်ကုန်မြို့(အမျိုးသားကဇာတ်ရုံ)၌ ကျင်းပခဲ့ရာ အုတ်တွင်းမြို့နယ် ရေအိုးစဥ်ကျေးရွာအုပ်စု ရေအိုးစဥ်ကျေးရွာဓမ္မစကူးလ်စာဖြေဌာနမှ မောင်စိုးသူရထွန်းက ပထမ(winner)ဆုကြီးကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။