၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် ပြင်ဦးလွင်ခရိုင်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ဆက်လက်လက်ခံ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိရာ ပြင်ဦးလွင်ခရိုင်ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်းထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ် သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာ များအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်  မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်းကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာရေးအသိပညာ (Talk Show) ရိုက်ကူးခြင်းကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်းနေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။

ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ကျင်းပသည်။

လှည်းကူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများသွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သံဖြူဇရပ်မြို့နယ်၌ မြိုနယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌  ကျင်းပပြုလုပ်သည်။

တပ်ကုန်းမြို့၌ လစ်လပ်သွားသော မြို့နယ်သံဃနာယက အဖွဲ့အစည်း အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် လစ်လပ်သွားသော မြို့နယ်သံဃနာယက အဖွဲ့အစည်း အစားထိုး ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

သိန္နီမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သည် အလေ့အထကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ဗဟုသုတမျှဝေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများက စုပေါင်း၍ ပြင်ဦးလွင်မြို့တွင် မီးပုံးပျံဖြင့် မျိုးစေ့မြေဆွေးလုံး/ သစ်စေ့မြေလုံး (Seedballs) များ ကြဲချစိုက်ပျိုးရန်စီစဉ်နေကြောင်း သိရ

သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းသည် ကမ္ဘာမြေကျန်းမာစွာ ကြာရှည်တည်တံ့စေရေးအတွက် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အား Green City ဖြစ်စေရေး သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ မျိုးစေ့မြေဆွေး လုံး/သစ်စေ့မြေလုံး (Seedballs) စုစုပေါင်းနှစ်သိန်းနီးပါးကို မီးပုံးပျံသုံးလုံးဖြင့်ချိတ်ဆွဲကာ ကြဲချစိုက်ပျိုးရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း Green Challenge Association အဖွဲ့၏ ဥက္ကဋ္ဌဦးအောင်မျိုးပိုင်၏ ပြောကြားချက်အရသိရသည်။
Subscribe to