ဟိုပန်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ဆောင်းနေကြာသီးနှံများစိုက်ပျိုး
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ဆောင်းနေကြာသီးနှံများ မျိုးစေ့ထုတ်စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မော်ဟွေ့ကျေးရွာရှိ နေကြာသီးနှံ ပညာပေးစံပြကွက် ကွင်းအမှတ်(၁၃)၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ ဆောင်းနေကြာများ စိုက်ပျိုးခဲ့သည်။