ငပလီ​မြို့၌ လူငယ်​ရေး​ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ ထူးချွန်ဘော်ဒါစာသင်ခန်းမ၌ စာဖတ်​​ခြင်း၏​ကောင်းကျိုး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရှောင်ရှားနိုင်​ရေး အသိပညာပေးဟောပြောပွဲကို ယ​နေ့ နံနက်(၁၀း၃၀) နာရီက ထူးချွန်ဘော်ဒါစာသင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုပြုခန်းမ၌ ပြုလုပ်သည်။

ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းလက်ခံဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးကို ယမန်‌နေ့ နံနက် ၉ နာရီခန့်မှစတင်၍ အခြေခံ ပညာကျောင်း အသီးသီး၌ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့ရှိ အ-ထ-က(ဒုံရင်း) ကျောင်းတွင်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မှုနှင့် ပတ်သက်၍  ကျောင်းအုပ်ဆရာမကြီးနှင့်တွေ့ဆုံမေးမြန်းခြင်း

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်က အနာဂတ်မျိုးဆက်သစ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးဝင်၍ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ပညာရပ်များကို တွဲဖက်သင်ကြားနိုင်မည့် ပညာရေးအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ လာမည့်ပညာသင်နှစ်တွင် စက်မှုပညာရပ်၊ စိုက်ပျိုးရေးပညာရပ်များနှင့် မွေးမြူရေးပညာရပ်များကို အထက်တန်းဆင့် သင်ကျောင်းသားများ သင်ယူလေ့လာနိုင်ရန် ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်မည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အဆိုပါအသက်မွေးဝမ်းကျောင်း ပညာသင်အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ အ-ထ-က(ဒုံရင်း) ကျောင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း တွဲဖက်ဖွင့်လှစ်မှုနှင့် ပတ်သက်၍  ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးမြင့်နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လဲချားတွင် စိုက်ပျိုးရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မတ်လန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပါသည်။

စီမံကိန်းများ သုံးသပ်ဆွေးနွေးခြင်းနှင့် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းများသုံးသပ်ဆွေးနွေးပွဲအခမ်းအနားနှင့် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအား ကျောင်းစတင်အပ်နှံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ယမန်နေ့နံနက်(၉)နာရီအချိန်မှ စတင်ပြီး ကျောင်းအပ်နှံမှုကို စတင်လက်ခံလျက်ရှိရာ ကျောင်းများတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကများပြားစွာ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)ကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဗဟန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အ​ခြေခံပညာ​​ကျောင်းများ၌ ကျောင်းအပ်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ရည်ရွယ်၍ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယ​မန်နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to