ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊  ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် အ.မ.က(၃)ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း နေထိုင် ကြသည့် ပြည်သူများ လျှပ်စစ်အန္တရာယ်မှကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်စီမံမှုဖြင့် မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနမှ ဝန်ထမ်းများက ပင်မဓာတ်အားပေးလိုင်းများအား လိုက်လံစစ်ဆေးပြီး လိုင်းကြိုးများဖြင့် မလွတ်ကင်းသည့် သစ်ကိုင်းများအား ရှင်းလင်းမှုများဆောင်လျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ၂၀၂၃- ၂၀၂၄ ခု ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်(၉) နာရီက စတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံ ပြီးစီးရေးနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့နေမှုများကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတစ်ဆင့် အသိပညာဗဟုသုတ တိုးပွားရရှိစေရေး ရည်ရွယ်၍စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သခင်ဘသောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုးညှင်းမြို့အင်ကြင်းကုန်းကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အင်ကြင်းကုန်းကျေးရွာ ဘက်စုံသုံးခန်းမတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေ (၂၂)ရက်မှ (၂၆)ရက်ထိ ငါးရက်ကြာ သင်ကြားပို့ လျက်ရှိကြောင်း သိရသည်။

မိုးမောက်မြို့၌ လေပြင်းတိုက်ခိုက်၍ လျှပ်စစ်ဓာတ်မီးတိုင် ၄ တိုင်ပြိုလဲမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက် ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းပေါ်သို့ လေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျပိသဖြင့် ၁၀ မီတာကွန်ကရစ်တိုင် ၄ တိုင် ကျိုးကျ၍ ၂ တိုင်မှာ တိုင်ခြေမှ ကွဲအက်သွားပါကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကျောင်းအပ်နှံမှုအခြေအနေအား လိုက်လံကြည့်ရှု အားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့နံနက်(၉)နာရီက အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူတို့က ကျောင်းအပ်နှံမှုအခြေအနေအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။        

တပ်ကုန်းမြို့၌ ကျောင်းသားကလေးသူငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန် ဆေးရောင်ခြယ်၊ ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကလေးသူငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန် ဖိတ်ခေါ်ကျင်းပသည့် ဆေးရောင်ခြယ်၊ ပုံပြောနှင့်ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်နှံရေး စတင်လက်ခံဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် (၉) နာရီမှစတင်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်ကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁)ကျောင်း၊ မူလတန်းကျောင်း(၁၀)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းတို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to