ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ခေတ်တံခါး ခေတ်စကားစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကလေး မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်စံဝင်း ရေးသားသည့် ခေတ်တံခါး ခေတ်စကား စာအုပ်ဖြင့်  ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ဒေါ်‌ဝေမာချိုက ခေတ်တံခါး ခေတ်စကားစာအုပ်မှ လူငယ်များ၏ နောင်ရေးနှင့် ရင်းနှီးမြုပ်နှံမှု၊ ဘဝတက္ကသိုလ်ကျောင်းသား များ စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်  ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)