ကန်ကြီးထောင့် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို မေလ ၂၁ ရက်နေ့ နံနက်(၈)နာရီကစတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရွိရာ မေလ( ၂၆)ရက်နေ့အထိ ပင်စင်စား( ၅၁၉)ဦးအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မေလအတွက် ပင်စင်လစာငွေများကို မေလ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ နံနက်(၈)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါရက်များတွင် လာရောက်ထုတ်ယူ နိုင်ခြင်းမရှိပါက ၂၀၂၃ ခုနှစ်၊ မေလ လဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကန်ကြီးထောင့်မြို့နယ်တွင် မေလ ၂၆ ရက်နေ့အထိ အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေ (၉၆၇)ဦး ရှိပြီး ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်းနှင့် မေလ(၂၆)ရက်နေ့အထိ ပင်စင်စား(၅၈၉)ဦးအား ထုတ်ပေးပြီးဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
မဇင် (ပြန်/ဆက်)