ချောက် မေ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Commounity Center)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့"ခေါင်းစဥ်ဖြင့် အသိပညာပေး(Talk Show) ကျင်းပခဲ့သည်။
အဆိုပါ"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့" ခေါင်းစဥ်ဖြင့် အသိပညာပေး(Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ ဦးဆောင်၍ ရုပ်သံကျွမ်းကျင်(၃)ဒေါ်အိအိမြတ်တို့က သဘာဝပတ်ဝန်းကျင်ပျက်စီးရခြင်း၏အကြောင်းများ၊ သဘာဝပတ်ဝန်းအား ထိန်းသိမ်းရန်လိုအပ်ပုံ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဆောင်ရွက်ချက်များ၊ သဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုများနှင့် လူသားများကြုံတွေ့နေရသည့်ပြဿနာများ၊ သဘာဝနှင့် လိုက်လျောညီထွေစွာနေထိုင်ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် လူသားများပူးပေါင်းပါဝင်ရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)