ခန္တီး မေ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ မေလ(၂၆)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ကလေးသူငယ်များဆိုင်ရာ ဉပဒေအရ ကလေးများ ရပိုင်ခွင့်ရှိသည့် အခွင့်ရေးများနှင့်ပတ်သတ်၍ ဟောပြောဆွေနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူကလေးများအား ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)