မြောင်းမြမြို့ ရတနာသိင်္ဂီ သီလရှင်စာသင်တိုက်သို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ပဲနှင့် ကျောင်းဝတ်စုံ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်း

မြောင်းမြ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ရတနာသိင်္ဂီသီလရှင်စာသင်တိုက်တွင် ယနေ့နံနက် ၁၁:၀၀ နာရီ အချိန်က ဆန် ဆီ ကြက်ဥ ပဲနှင့် ကျောင်းဝတ်စုံ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သီလရှင်ဆရာကြီး ဆရာလေးများက ပရိတ်တရားတော်များ ချီးမြှင့်ရွတ်ဖတ်ပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဦးစီးဗိုလ်မှူးကြီး မျိုးညွန့်ဦး (စစ်/ထောက်) မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင် ()ဒုတိယဗိုလ်မှူးကြီး ထက်အောင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့မှ ရတနာသိင်္ဂီ သီလရှင်စာသင်တိုက်ရှိ သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆန်၊ ဆီ၊ ကြက်ဥ၊ ပဲနှင့် အသီးအနှံ တို့ကို လှူဒါန်းပြီးနောက်၊ ရတနာသိင်္ဂီ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ကလေးများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘော့ပင် အစရှိသည့် စာရေးကိရိယာများကို ထောက်ပံ့လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ထို့နောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ဦးစီးဗိုလ်မှူးကြီး မျိုးညွန့်ဦး (စစ်/ထောက်) မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်()ဒုတိယဗိုလ်မှူးကြီး ထက်အောင်တို့က  ကျောင်းစာသင်ခန်းများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို မေးမြန်းဆွေးနွေးရာ ကျောင်းတိုက်ရှိ သီလရှင် ဆရာကြီးနှင့် ဆရာမများက ​ပြန်လည် ဆွေးနွေး ဖြေကြားပါသည်။

အဆိုပါအခမ်းအနားကို အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ဦးစီးဗိုလ်မှူးကြီး မျိုးညွန့်ဦး (စစ်/ထောက်) မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)