နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ လယ်ဝေးမြို့နယ် လေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေး ကွင်းဆင်းကြည့်ရှု
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီ၊ ညွှန်ကြားရေးမှူးဦးသူအောင်၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လေဘေးသင့်ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုသည်။