ထန်းတပင်မြို့နယ်၌ ဂရန်အင်း(၁၆)လုံးနှင့် တင်ဒါပိုက်ချက်(၁၃)ချက်တို့အား လေလံတင်ရောင်းချပေး

ထန်းတပင်(ရန်ကုန်) မေ ၂၇


ရန်ကုန်တိုင်းဒေသကြီး၊  ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဂရန်အင်းနှင့်တင်ဒါပိုက်ချက်များလေလံတင်ရောင်းချခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တတိယအကြိမ်မြောက်အထိ ဂရန်အင်း(၁၆)လုံးနှင့် တင်ဒါပိုက်ချက်(၁၃)ချက်တို့ကိုလေလံတင်ရောင်းချပေးခဲ့ပြီး အင်းအခွန်ရရှိငွေကျပ်(၃၇၇၇၀၀၀၀)နှင့် တင်ဒါပိုက်ချက်မှ အခွန်ရရှိငွေကျပ်(၇၈၆၀၀၀၀)ထိရှိကြောင်းလည်း သိရသည်။

ဂရန်အင်းနှင့်တင်ဒါပိုက်များလေလံတင်ရောင်းချပေးရာတွင်လည်း ပထမအကြိမ်မြောက် လေလံတင်ရောင်းချရာတွင် အင်း(၁၃)လုံးအတွက် အင်းခွန်ရရှိငွေကျပ်သိန်း(၃၅၇၂ဝဝဝဝ)နှင့် တင်ဒါပိုက်ချက်(၁၀)ချက်အတွက်အခွန်ရရှိငွေကျပ်(၆၉၀၅၀၀၀)နှင့် တတိယအကြိမ်မြောက်တွင် အင်း(၃)လုံးအတွက် လေလံတင်ရရှိငွေကျပ်(၂၀၅၀၀၀၀)နှင့် တင်ဒါပိုက်ချက်()ချက်အတွက် လေလံရရှိငွေကျပ်(၉၅၅၀၀၀)ရရှိခဲ့ကြောင်းလည်းသိရပြီး ဒုတိယအကြိမ်မြောက်အတွက် လေလံတင်ရောင်းချပေးရာတွင်လည်း လာရောက်ကာ လေလံဆွဲသူမရှိကြောင်းလည်းသိရသည်။

ငါးလုပ်ငန်းများ စနစ်တကျပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးနေငါးထိုင်တောများနှင့်ဌင်းတို့၏ ဂေဟစနစ်များပျက်စီးမှုမှ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ နိုင်ငံတော်အတွက်ရသင့်ရထိုက်သော အခွန်အခများရရှိစေရန်နှင့်တရားမဝင်ငါးလုပ်ငန်းများလုပ် ကိုင်ခြင်းများမှကာကွယ်နိုင်ရန်အတွက် ဂရန်အင်းနှင့်တင်ဒါပိုက်ချက်များကို လေလံတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီးရောင်းချပေးရာတွင်လည်း သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်းလည်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးနေဝင်းအောင်ထံမှသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)