ဆီဆိုင်မြို့နယ်၌ ရေရှားပါးကျေးရွာသို့ သောက်သုံးရေလှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နွေရာသီရေရှားပါးသောကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပင်စုံကျေးရွာအုပ်စု၊ ဖြီဟန်ခါးကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။