အုတ်တွင်း မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရွှေလောင်းကျေးရွာအုပ်စုတွင် မေ ၂၅ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်ကုန်းတန်းကျေးရွာ၌ လူနေအိမ်သုံးလုံး၊ အရှေ့ဘိုကုန်းကျေးရွာ၌ လူနေအိမ် ၁၂ လုံး၊ အနောက်ဘိုကုန်းကျေးရွာ၌ လူနေအိမ်လေးလုံးနှင့်ရွှေလောင်းရွာမကျေးရွာ၌ လူနေအိမ် ၁၆ လုံး အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် သွပ်အချပ်ရေ ၄၈၅ ချပ်ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၀၄၂၀၀၀ ခန့်ဆုံးရှုံးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ နေအိမ်များပြန်လည်ထူထောင်ရေး၊ ကူညီကယ်ဆယ်ရေးနှင့်လိုအပ်သည့်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)