တိုက်ကြီး မေ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးကြိုရာသီသစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့၊ ဂျစ်ပဆန်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြေဆီလွှာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူကျေးရွာအုပ်စု ရန်ကုန် - ပြည်လမ်း မိုင်တိုင်အမှတ် ၅၁ / ၅ တောင်သူ ဉီးမျိုးမြင့်၏ လယ် ၁၀ ဧကပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ တိုက်ကြီးခရိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဉီးမြဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပိုက်ဆံလျှော် လေးပြည်ဝင်အိတ် (၆၅) အိတ်အား တောင်သူ (၁၃) ဉီးအားလည်းကောင်း၊ ဂျစ်ပဆန်မြေဩဇာ(၃၅)အိတ်အား တောင်သူ(၇)ဉီးအား လည်းကောင်း အသီးသီးပေးအပ်သည်။
၂၀၂၃ ခုနှစ်၊ မိုးကြိုရာသီသစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့၊ ဂျစ်ပဆန်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် မြေဆီလွှာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူးဉီးစိုးနိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)