ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရွှေကျင် မေ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်‌အေးအေး မွန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံ ကိန်းရည်မှန်းချက်များကို မဟာဗျူဟာ၊ နည်းဗျူဟာများနှင့်အညီ ရေးဆွဲထားပြီး ဒေသန္တရစီမံကိန်းရည်မှန်းချက်အရ ကဏ္ဍကြီးများအလိုက် ထုတ်လုပ်မှုနှုန်းနှင့် ဝန်ဆောင်မှုတန်ဖိုးများ တိုးတက်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှုတန်းဖိုး အရ တိုင်းဒေသကြီး ခွင့်ပြုငွေ စုစုပေါင်းငွေကျပ် ၃၇၅ ဒသမ ၅၃၉ ကျပ်သန်းဖြင့် ဆောင်ရွက်ရန် လျာထားကြောင်း သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ ကဏ္ဍ အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လစဉ်ပြီးစီးမှု အခြေအနေများကို စီမံကိန်း‌ရေးဆွဲဦးစီးဌာနသို့ ဆက်လက်ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်‌အေးအေးမွန်တို့မှ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များကို ပေးအပ်ကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)