မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ မိုးရာသီ၌‌ သံတွဲမြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းဆောင်ရွက်

သံတွဲ   မေ    ၂

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦမျိုးချစ်၏ လမ်းညွှန်ချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၂ နာရီက မိုးရာသီ၌ သံတွဲမြို့အတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အံတော်ကျေးရွာအုပ်စုနှင့် အမှတ်(၈)ရပ်ကွက်ရှိ သံတွဲ-တောင်ကုတ် လမ်းမကြီးဘေးရှိ ရေဝပ်သောနေရာများတွင် ရေနုတ်မြောင်များဖောက်လုပ်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ အိမ်ပိုင်ရှင်များအား  ကွင်းဆင်းဆွေးနွေးပြောကြားပြီး စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်း ဖောက်လုပ်မည့်နေရာများအား သတ်မှတ်ပေးရန် မှာကြားခဲ့ကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)