ကြို့ပင်ကောက်မြို့၌ ဒေသထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဒေသထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။

ရပ်စောက်တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့တွင် သတင်းရေးဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သတင်းစီးဆင်းမှု လျှင်မြန်စေရေးအတွက် သတင်းဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

တာချီလိတ်မြို့နယ်၊ အ.လ.က (ဝှေလေလန်)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းမှုဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တာချီလိတ်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ဝှေလေလန်) တွင် ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့တွင်  ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ တင်းနစ်အားကစားကွင်းတွင် ယနေ့ နံနက် ၉း၃၀ နာရီအချိန်က  ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဖွင့်လှစ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး‌ရှေ့တွင် ယနေ့နံနက်(၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်လာရောက်ဝယ်ယူကြသော ပြည်သူများ၊

ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း ၃၀၀၀ ကျပ်ထိ ဈေးတက်လာခြင်းကြောင့် ယခုနှစ်ဆောင်းကြက်သွန်နီ စိုက်ပျိုးမှုများလာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီဈေးနှုန်း ၃၀၀၀ ကျပ်ထိ ဈေးတက်လာကြောင်း လဲဂွကျေးရွာ ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။

ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးလုပ်ငန်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/သူများ လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။
Subscribe to