နမ္မတူတွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သစ်ပင် များ စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကို တန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလို စိတ်များ ဖြစ် ပေါ်လာစေရန် ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇)နာရီခွဲအချိန်က နမ္မလဘုန်းတော်ကြီးကျောင်းအနီး၌ ကျင်းပသည်။