ရန်ကုန် မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုပိုမိုရင်းနှီးကျွမ်းဝင်မှု ရရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင် ရေအေး(ဟားဗတ်တက္ကသိုလ်)ရေးသားထားသည့် စေ့စပ်ညှိနှိုင်းမှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊လက်ထောက်ညွှန်ကြားရေးမှူးဦးအေးသိမ့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)နာယကရန်နောင် (ပညာရေး)နှင့်ဥက္ကဋ္ဌဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ− တောင်တွင်းကြီး)တို့က အမှာစကားအသီးသီးပြောကြားသည်။
ဆက်လက်၍ စာရေးဆရာမောင် ရေအေး(ဟားဗတ်တက္ကသိုလ်)ရေးသားထားသည့် စေ့စပ်ညှိနှိုင်းမှုစာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာများဖြစ်ကြသည့် ဝင်းနွယ်(ပုသိမ်)၊ ရွှေဘုတ်(အင်းစိန်)၊ခင်ခင်လှတို့ကဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများအပေါ် သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)၊ ရန်မိုးအောင်(အင်းစိန်)၊ ရွှေမော်သန်းထိုက်၊ မောင်ပန်းဝေ(ညောင်တုန်း)၊ ရွှေမန်း(အင်းစိန်)တို့က အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club) နာယကဦးသက်တင်က နိဂုံးချုပ်စကားပြောကြားသည်။ စာဖတ်ဝိုင်းသို့ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)မှ တာဝန်ရှိသူများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)