ငပုတောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အဘိတ်ဆေးများ ခတ်ပေးခြင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲ ရေငံသရက်ကုန်းမှ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ရေငံသရက်ကုန်းကျေးရွာ အထ က (ခွဲ) ရေငံ-သရက်ကုန်းကျောင်း၊ အ မ က-ရေငံ (မူလွန်) ကျောင်း၊ ဟင်းအိုးချောင်း အ မ က ကျောင်းများရှိ ရေလှောင်(သောက်ရေ) ကန်အတွင်း ပိုးလောက်လမ်းကင်းစင်မှု ရှိ/မရှိ ရေကန်အနေအထား သန့်ရှင်းမှု ရှိ/မရှိ ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။