ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးနှင့်စားသောက် ကုန်ပစ္စည်းများ တပ်မတော်ရေယာဉ်ဖြင့် ရောက်ရှိ

ရခိုင်ပြည်နယ်အတွင်း အလွန့်အလွန်အားကောင်းသောမိုခါမုန်တိုင်းကြောင့် လေဘေးဒုက္ခ ခံစားနေရသည့် ဒေသများသို့ တပ်မတော်မှကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ကုန် ပစ္စည်းများကို ကူညီထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ တပ်မတော်ကမ်းကပ်ရေယာဉ်ဖြင့် သယ်ပို့ရောက်ရှိလာရာ ဗိုလ်မှူးချုပ်ဝင်းမောင် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဉက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက သယ်ယူပို့ဆောင်ရေး တပ်မတော်ကမ်းကပ်ရေယာဉ်ပေါ်မှ ပစ္စည်းများတင်ချမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ                                           

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(အုတ်ဖို)ဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက လေ့ကျင့်ရေး မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမ များနှင့်တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား စာရင်းမှန်ရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရေး ရှင်းလင်းဆွေးနွေးကြသည်။

ထန်းတပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတ ပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဓနုဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဆင်းပွဲ ကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဆင်းပွဲကို ယနေ့ မေလ ၂၉ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က နန်းတော်ကုန်းကျေးရွာအုပ်စု၊ မြင်းစုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

မြိတ်မြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများကို ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုအား တိုင်းမှူးနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး ၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက်မှစတင်ကာ လာရောက်အပ်နှံလျက်ရှိကြရာ ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်း​​​ဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထက်တန်းကျောင်းများတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ ကြသည်။

ဇီးကုန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများထုတ်ပေး

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူများအား မတည်​ထောက်ပံ့ငွေများ ထုတ်ချေးပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန ၊ (Community Centre) ခန်းမတွင် " က‌လေး သူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး” (Talk Show) ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်စေရေး အထူးအလေးထားရည်ရွယ်လျက် က‌လေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး” (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Subscribe to