မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအထူးအရာရှိနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအထူးအရာရှိ ဗိုလ်မှူးချုပ်မျိုးဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေလ ၂၅ ရက် ယနေ့နံနက် (၉) နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မော်ဧရာ ခန်းခ၌ ကျင်းပပြုလုပ်သည်။

မောက်မယ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားလုပ်သားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများတို့က ယနေ့နံနက်၇နာရီမှစ၍ စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လားရှိုးတွင် မိုးစပါး၊ ပြောင်း၊ မြေပဲ၊ နေကြာ၊ ပဲပုတ် စံပြစိုက်ခင်းများ စိုက်ပျိုး၍ တောင်သူများအား ပညာပေးဆောင်ရွက်မည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီကာလအတွင်း မိုးစပါး၊ ပြောင်း၊ မြေပဲ၊ နေကြာနှင့် ပဲပုတ်တို့ကို စံပြစိုက်ခင်းများစိုက်ပျိုး၍ တောင်သူပညာပေးအနေဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အညာဒေသထွက် ထန်းသီးများကို လားရှိုးမြို့တွင် လာရောက်ရောင်းချ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသထွက် ထန်းသီးနှင့် ထန်းရည်များကို လာရောက်ရောင်းချလေ့ရှိပြီး ထန်းသီးတစ်လုံး ငါးရာကျပ်၊ ထန်းရည်တစ်ဗူး နှစ်ထောင်ကျပ်ဈေးရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အဆင်ပြေစေရေး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ချေးငွေများထုတ်ပေးလျက်ရှိရာ မေလ ၂၉ ရက်နေ့က ကုလားဘီကျေးရွာရှိ တောင်သူ(၄၈)ဦးအား ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။

ဖဒိုမြို့၌ ကျောင်းအပ်နှံ‌ရေးအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က (ဖဒို)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား အုတ်တွင်းမြို့နယ်၌ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နိုင်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း ပညာသီရိခန်းမ၌ ကျင်းပသည်။

လက်ပံတန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများထုတ်ပေး

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူများအား မတည်​ထောက်ပံ့ငွေများ ထုတ်ချေးပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀ နာရီခွဲက တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

ဖြူးမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည့်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မကွေး) (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ် (မကွေး)၏ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
Subscribe to