လေးမျက်နှာမြို့ အောင်မင်္ဂလာစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၈:၀၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။