အိမ်မဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

အိမ်မဲ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထက-၂ ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားကို အထက- ၁ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း သီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အိမ်မဲမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းတို့က အဖွင့်အမှာစကား များ၊ ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ပညာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများသို့ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်နှင့် ဗလာစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က တာဝန်ရှိသူ အသီးသီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် အထက-၂ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်ခဲ့ပြီး အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)