ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို အမှတ် ၆ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။