ဟင်္သာတမြို့နယ်အတွင်း ဆောင်းသီးနှံ နေကြာစိုက်ဧက လျာထားချက်၊ ရာနှုန်းပြည့်မှီ စိုက်ပျိုး အောင်မြင်နိုင်ရေး နေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စုများအတွင်းရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အတွင်း ဆောင်းသီးနှံ နေကြာစိုက်ဧက လျာထားချက်၊ ရာနှုန်းပြည့်မှီရေးအတွက် နေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စု များအတွင်းရှိ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။