နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ယနေနေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ကွန်ပျူတာနှင့်အင်္ဂလိပ်စကားပြောသင်တန်းနှင့် စက်ခေါင်းမောင်းတွဲရွှေ့ သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကွန်ပျူတာနှင့် အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၉/၂၀၂၃)နှင့် စက်ခေါင်းမောင်းတွဲရွှေ့သင်တန်းအမှတ်စဉ် (၃၃/၂၀၂၃) များဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်ကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၃ခုနှစ်၊ မေလ(၂၃)ရင်နေ့မှ မေလ(၃၁)ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာအုပ်စု/ကျေးရွာများအတွင်း ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးဖို့၊ ကျောင်းအပ်နှံကြပါစို့ ဟူသောဆောင်ပုဒ်အတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး လှုပ်ဆော်ရေးဗီနိုင်းပိုစတာများ စိုက်ထူခြင်း၊ အသံချဲ့စက်ဖြင့်လှုပ်ဆော်ဟော ပြောခြင်း၊ တစ်အိမ်တက်ဆင်းအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီးသည်။ အဆို ပါ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခြေခံပညာအထက်တန်းကျောင်းပညာတန်ဆောင်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

အင်္ဂပူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈း၃၀ အချိန်က  ကျောင်းကွင်း ကျေးရွာအုပ်စုရှိ တောင်မြန်အောင် တိုးချဲ့သစ်တောကြိုးဝိုင်း အကွက်အမှတ်(၂၁)၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၆၅/၄)အနီးတွင်၌ ကျင်းပခဲ့သည်။

သူကောင်းတည်မြစ်ရေတင်ဖြင့် နွေစပါးစိုက်တောင်သူများ ၉၃ ဧက စိုက်ပျိုးအောင်မြင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သူကောင်းတည်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေစပါးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ရိတ်သိမ်းချိန် ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြောင်း နွေစပါးစိုက်ပျိုးတောင်သူများထံကသိရသည်။

လှည်းကူးမြို့နယ် အောင်မင်္ဂလာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့်ကျောင်းသားမိဘများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။

သုံးခွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ပညာရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက် အကူပြု " အလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ (၂၉)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။

တောင်ကုတ်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကိုင်းရှည်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Subscribe to