မင်းဘူးမြို့၌ ဆုတောင်းပြည့်နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် ရတနာအုတ်မြစ်တော်ချခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်း၌ ဆုတောင်းပြည့်နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် ရတနာအုတ်မြစ်တော်ချခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က အဆိုပါရိပ်သာ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့တွင် စာဖတ်ဝိုင်း ပြုလုပ်သည်။

သပိတ်ကျင်းမြို့"ရွှေဝါဝင်း"ခန်းမ၌ အခြေခံဗုဒ္ဓဘာယဉ်ကျေးမှုသင်တန်း(တတိယအကြိမ်) ဖွင့်လှစ်

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၌  မျိုးဆက်သစ် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ကျောင်းသူများ ဗုဒ္ဓအဆုံးအမ တရားတော်များနှင့်အညီ ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  တတိယအကြိမ်အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဆိပ်ကမ်းရပ်ကွက် "ရွှေဝါဝင်း"ခန်းမ၌ ကျင်းပခဲ့သည်။

လှည်းကူးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင်ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre  )ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်( ၉ ) နာရီအချိန်က  စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။              

ကန့်ဘလူမြို့နယ်၌ ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အစားထိုးပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသည့် ပလပ်စတစ် (ကြွပ်ကြွပ်အိတ်)များ အသုံးပြုခြင်းကြောင့် နှစ်စဥ်ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက် နေမှုများ လျော့နည်းကျဆင်းစေပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊  “ပလပ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”၊ ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေး အတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူမြို့မ စည်ပင်သာယာစျေး၌ သတင်းစာ စက္ကူအိတ်များ၊ ပညာပေးလက်ကမ်းစာစောင်များ၊ စတစ်ကာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်လုံဒေသ၌ တယ်လီဖုန်းဆက်သွယ်မှု ကောင်းမွန်စေရေး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်တို့ လိုက်ပါလျက် ယနေ့နံနက် ၇နာရီခွဲအချိန်က ပန်လုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

နွားထိုးကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင်၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် ကျောက်တောကျေးရွာ အခြေခံပညာလယ်တန်းကျောင်းတွင် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကျောက်တော(စံပြ)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to