ဆွမ်ပရာဘွမ် မေ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။
ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (ဆွမ်ပရာဘွမ်) ကျောင်းသူလေးများက "ဘက်စုံပညာကိုရည် တို့လှမ်းချီ" သီချင်းဖြင့်အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်မြို့နယ်ပညာရေးမှူးရုံး၊ ပညာရေးမှူးဒေါ်သီတာဌေးက ပညာရေးစနစ်သစ်နှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားကာ အမက (ကဘရန်ခူး) ကျောင်းသား/ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (ဆွမ်ပရာဘွမ်) ကျောင်းသူလေးများက"မနောမြေမှတေးသံ သာ"သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြ ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်မှထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်နှင့်အခြားစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးနှင့်တာဝန်ရှိသူများက အသီးသီးလက်ခံခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ကျောင်းကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အခြေခံပညာကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၅၀) ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး (ဆွမ်ပရာဘွမ်)