ပူတာအိုမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီတွင် သစ်မျိုးပျိုးပင်ပေါင်း ငါးသောင်းကျော် စိုက်ပျိုးသွားမည်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုး ဉယျာဉ်တွင် သစ်မျိုးရှစ်မျိုးဖြင့် သစ်ပျိုးပင်ပေါင်း ငါးသောင်းကျော် ပျိုးထောင်ထားရှိပြီး ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် နှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ လူထုများထံသို့ ဖြန့်ဝေစိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။

ကုန်းကြမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး Talk Show ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့မွန်းလွဲပိုင်းအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး Talk Show ကိုကုန်းကြမ်းမြို့နယ်ရုံးနှင့် မော်ထိုက်မြို့ရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ကြံခင်းမြို့တွင် "မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ" အခမ်းအနားကျင်းပ

သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည် ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန် စေရန်၊ ရာသီဥတု မျှတစေရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြံခင်း ကြိုးဝိုင်းအကွက်အမှတ်(၅၁)တွင် ယနေ့ နံနက်(၉)နာရီအချိန်က ၂၀၂၃ ခုနှစ်၊ "မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ" အခမ်းအနား ကျင်းပခဲ့သည်။

ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ(၂၉)ရက်နံနက်(၉)နာရီက ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to