ကြံခင်းမြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုလျော့နည်းစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ပျက်ဆီးမှု လျော့နည်းစေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။

မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် ထင်းအစားထိုး အခြားလောင်စာတိုးမြှင့် အသုံးချရေး အသိပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးအပ်ခြင်းများ ဆောင်ရွက်

မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ထင်းအစားထိုး အခြားလောင်စာ တိုးမြှင့်အသုံးချရေး အသိပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ပေးအပ်ခြင်းကို ယမန်နေ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် ဒါးပိန်မြောက်ကျေးရွာတွင် နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာ​ပေး​ဆွေး​နွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင်​ ဒေသတွင်း စားသုံးဆီဖူလုံ​မှုရှိ​စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲကို လှည်းကူးမြို့နယ်၊ ဒါးပိန်မြောက်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ကွမ်းလုံမြို့၌ မိုးစပါးစံပြကွက် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်၌ မိုးစပါးစံပြကွက် စံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကွမ်းလုံမြို့နယ် ကောင်းကျဲကျေးရွာအုပ်စု ၊ နမ့်ဟူးကျေးရွာရှိ နောင်ပန်ကွင်းအမှတ်(၁၂) တောင်သူဦးလောက်ချန်း၏ လယ်မြေ(၂)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းယောင်း၌ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ တနင်္ဂနွေ စာပေစကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိနိုင်စေရန်ရည်ရွယ်၍ တနင်္ဂနွေစာပေစကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ် ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ် (၁၄) စက်မှုလယ်ယာစခန်း၌ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁ /၂၀၂၂-၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ် ကွမ်တာ(ရွာဟောင်း)ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာ(ရွာဟောင်း) ကျေးရွာအတွင်းရှိ “မေတ္တာလမ်း” ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က လမ်းအဝင်မုဒ်ဦး၌ ကျင်းပသည်။

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်/ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျောင်းပိတ်ချိန် အားလပ်ရက်များတွင်  ကျောင်းသားကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား လူငယ်လူရွယ်များ စာအုပ်စာစောင်များနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ခင်းကျင်းပြသခဲ့သည်။

မိုင်းခုတ်မြို့၌ သီးမွှေးငှက်ပျောပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် ဒေသခံတောင်သူများ အမြတ်ငွေပိုမိုရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ သီးမွှေးငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် အခြားသီးနှံများထက် အမြတ်ငွေပိုမိုရရှိကြောင်း သီးမွှေးငှက်ပျော စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
Subscribe to