ငပုတောမြို့နယ်၌ ​သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အဘိတ်ဆေးများ ခတ်ပေးခြင်းဆောင်ရွက်

ငပုတော မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲ ရေငံသရက်ကုန်းမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ရေငံသရက်ကုန်းကျေးရွာ အထ က (ခွဲ) ရေငံ-သရက်ကုန်းကျောင်း၊  အ မ က-ရေငံ (မူလွန်) ကျောင်း၊ ဟင်းအိုးချောင်း အ မ က ကျောင်းများရှိ ရေလှောင်(သောက်ရေ) ကန်အတွင်း ပိုးလောက်လမ်းကင်းစင်မှု ရှိ/မရှိ ရေကန်အနေအထား သန့်ရှင်းမှု ရှိ/မရှိ ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိ/မရှိ​နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အဘိတ်ဆေးများ ခတ်ပေးခြင်း ဆောင်ရွက်ခဲ့​ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ငပုတောမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရေငံ-သရက်ကုန်း ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဆိုပါ စာသင်ကျောင်းများရှိ သောက်သုံးရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးများကို ခတ်ပေးခဲ့ ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)