အိမ်မဲမြို့နယ်တွင် (PPTT) ဆရာအတတ်သင် သင်တန်းတတ်ရောက်မည့်ဆရာ၊ ဆရာမ (၅၀) ဦးအားကိုဗစ်-၁၉ပိုး ရှိမရှိစစ်ဆေးရာ (၃) ဦးပိုးတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပညာရေးဌာနမှ (PPTT)ဆရာအတတ်သင် သင်တန်းတတ်ရောက်မည့် ဆရာ၊ ဆရာမ (၅၀) ဦးအား ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် Rapid Antigen Diagnostic Test (RDT)ဖြင့် စစ်ဆေးရာ ဆရာမ (၂) ဦးနှင့် ဆရာ (၁)ဦးတို့တွင် ကိုဗစ်- ၁၉ ပိုးတွေရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၂၄၅၀၀၀၀ သိန်း ထုတ်ချေးပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေဆိုးထုတ်မြောင်းအတွင်းရှိ အမှိုက်သရိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့ပတ်လမ်းပေါ်ရှိ ရေဆိုးထုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် အမှိုက်သရိုက်နှင့် နုန်းများဆယ်ယူရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စက်ယန္တရားတစ်စီးဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားအသက် ၂၅ နှစ်နှင့်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲဝင်ရန် တွံတေးခရိုင်၌ စခန်းသွင်းလေ့ကျင့်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလားအသက် ၂၅ နှစ်နှင့်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဝင်ရန်အတွက် တွံတေးခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသား၊ အမျိုးသမီးရွေးချယ်ခံရသော အားကစားသမားများအား ယနေ့နံနက်ပိုင်းကစတင်ကာ တွံတေးမြို့နယ်အားကစားရုံ(ခ)၌ စခန်းသွင်းလေ့ကျင့်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းကို မေလ(၂၉)ရက်နေ့ နံနက်(၉)နာရီ မှစ၍ အဆိုပါဦးစီးဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

အုတ်တွင်းမြို့ပေါ်ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ပေါ်ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များမော်လမြိုင်ကျွန်း မြို့စံပြစိုက်ကွက်အတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြှပ်နှံခြင်းတောင်သူ အသိပညာပေးကွင်းသရုပ်ပြပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအ ဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာအတွင်းရှိ (၆) ဧက စံပြစိုက်ကွက်အတွင်း သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းမြှပ်နှံခြင်းတောင်သူအ သိပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နေ့လည်(၁) နာရီက အဆိုပါစံပြစိုက်ကွင်းရှိ ပိုက်ဆံလျှော် စိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ လမ်းသွယ်များအား စုပေါင်းရှင်းလင်းရေး ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ စစ်တွေမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးတို့နှင့်အတူ မေလ ၂၈ ရက်နေ့မွန်းလွဲပိုင်းက စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့ အစည်းများမှ အဖွဲ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား ရှင်းလင်းရေး‌ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာအုပ်စု၊ ထိန်ကုလားကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်အခမ်းအနားသို့တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ခရိုင်စီ မံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါ၍ မော်လမြိုင် ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာအုပ်စု ထိန်ကုလားကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် (၁၁) နာရီချိန်က တက်ရောက်ဖွင့်လှစ်ခဲ့သည်။
Subscribe to