ဘူးသီးတောင်မြို့နယ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိလာ သောဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု(၈၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိလာသော ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု(၈၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ နှင့်တွေ့ဆုံခြင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လှူဒါန်းပေးသော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု Command Post ခန်းမ၌ ကျင်းပခဲ့သည်။

မြေပုံမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းဇယားမှန်ကန်ရေး စိစစ်မှုများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းဇယားများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်သည်။

ကဝမြို့၌ ကျောင်းအပ်နှံ‌ရေးအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ကျောင်းအပ်နှံရေးအခမ်းအနားကို  ယနေ့ နံနက် (၁၀) နာရီ အချိန်က အ-ထ-က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်တွင် သံဃာတော်၊ သီလရှင်အပါး ၁၀၀ အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

ပြည်ထောင်စုနယ်​မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ယနေ့နံနက်ပိုင်းမှစ၍ ဝဇိရာနန္ဒသု​ဗောဓာရုံဘုန်းတော်ကြီးကျောင်းနှင့် ရာဇဓာနီသာမဏေကျော်ဘုန်းတော်ကြီးကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

အ​ခြေခံပညာဦးစီးဌာန၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့​ အခမ်းအနားကျင်းပ

အ​ခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့် ရွှေဘိုမြို့နယ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီချိန်က အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း​ရွှေရတုခန်းမ၌ ကျင်းပသည်။

လက်ပံတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ                                           

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တော်မြို့၌ (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာများ ကိုရှမ်းပြည်‌မြောက်ပိုင်း(လားရှိုး) လျှပ်စစ်အဖွဲ့အား ထောက်ပံပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊‌‌မြောက်ဦးခရိုင်၊ ကျောက်တော်မြို့တွင်(မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများကို ရှမ်းပြည်‌မြောက်ပိုင်း(လားရှိုး)လျှပ်စစ်မှ ဝန်ထမ်း(၃၀)ဦးအား ထောက်ပံပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက သွားရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တံတားဦးခရိုင် တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာအုပ်စု၊ သင်ပန်းကျေးရွာ၊ ကြေးနီကျောင်း ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း မြေကွက်လပ်၌ မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃-ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်သားဖွားသင်တန်းကျောင်း တတိယအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်သားဖွားသင်တန်းကျောင်း တတိယအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်းမော်လမြိုင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

သနပ်ပင်မြို့နယ်၌   မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကိုး ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က (သနပ်ပင်) ဇီဇဝါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to