ကဝမြို့၌ ကျောင်းအပ်နှံ‌ရေးအခမ်းအနား ကျင်းပ

ကဝ မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ကျောင်းအပ်နှံရေးအခမ်းအနားကို  ယနေ့ နံနက် (၁၀) နာရီ အချိန်က အ-ထ-က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်​ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်ပုဒ်ဖြစ်သည့် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး  ပညာသင်ကြားနိုင်စေရေးအတွက် နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘော့ပင်၊ ခဲတံတို့ကို အခမဲ့ထောက်ပံ့ပေးလျှက်ရှိကြောင်း၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိပတ်ဝန်းကျင်ရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြစေရေး စည်းရုံးဆောင်ရွက်ရန်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာ​ရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊  ကျောင်းဝတ်စုံများအား  သက်ဆိုင်ကျောင်းများအလိုက် ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများအား  ထောက်ပံ့ပေးအပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ​အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ ဆက်)