ကျောက်တော်မြို့၌ (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာများ ကိုရှမ်းပြည်‌မြောက်ပိုင်း(လားရှိုး) လျှပ်စစ်အဖွဲ့အား ထောက်ပံပစ္စည်းများပေးအပ်

ကျောက်တော် မေ ၃၀

ရခိုင်ပြည်နယ်၊‌‌မြောက်ဦးခရိုင်၊ ကျောက်တော်မြို့တွင်(မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများကို ရှမ်းပြည်‌မြောက်ပိုင်း(လားရှိုး)လျှပ်စစ်မှ ဝန်ထမ်း(၃၀)ဦးအား ထောက်ပံပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက သွားရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့အား လေဘေးပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးမှ ပြည်တော်သာရပ်ကွက် အမ်းတန်းစိန်‌ကျောင်းစာသင်တိုက်တွင်ရောက်ရှိနေသော ရှမ်းပြည်‌မြောက်ပိုင်း(လားရှိုး)လျှပ်စစ်မှဝန်ထမ်း(၃၀)ဦးအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြား ရာတွင်ကျောက်တော်မြို့နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်  တစ်မြို့နယ်လုံးနီးပါးထိခိုက် ပျက်စီးခဲ့ရာ လျှပ်စစ်ဓာတ်တိုင်များပြိုလဲခြင်း၊ ထရန်စဖော်မာများပြိုပျက်ခြင်း၊ ဓာတ်ကြိုးလိုင်းများ ပြုတ်ကျခြင်း၊ သစ်ပင်များကျိုးကျ၍လမ်းများပိတ်ခြင်းများဖြစ်ခဲ့ရာ မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားများ အချိန်မှီပြန်လည်ရရှိနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှဝန်ထမ်းများနှင့်ရှမ်းပြည်‌မြောက်ပိုင်း (လားရှိုး)လျှပ်စစ်မှ ရှင်းလင်းခြင်းလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ဝင်းက လျှပ်စစ်မီးများ အချိန်နှင့်တစ်ပြေးညီရရှိနိုင်ရေးအတွက် ကျောက်တော်မြို့သို့ရောက်ရှိ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ရှမ်းပြည်‌မြောက်ပိုင်း (လားရှိုး) လျှပ်စစ်မှဝန်ထမ်းများအား မြို့သူမြို့သားများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်‌မြောက်ပိုင်း(လားရှိုး)လျှပ်စစ်မှဝန်ထမ်းများအား ထောက်ပံ့ ပစ္စည်းများဖြစ်သည့် သောက်ရေသန့်၊ ကြက်ဥ၊ ဆီနှင့် ခေါက်ဆွဲထုပ်များအား ဗိုလ်မှူးချူပ် အောင်သူဦးနှင့် ဦးမောင်ဝင်းတို့က အဆိုပါအဖွဲ့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း