သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များဝယ်လိုအားကောင်း
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်းပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထပေါက်သည့် မျှစ်များကိုတစ်နှစ်တာပတ်လုံးအတွက်စားသုံးနိုင်ရန်မျှစ်ခြောက်များပြု လုပ်ကြသည်။ယခုအချိန်တွင်မျှစ်စိုများရှားပါးလာပြီဖြစ်သည့်အတွက်မျှစ်ခြောက်များဝယ်လိုအားကောင်းကြောင်းသိရသည်။