ရွှေဘို မေ ၃၀
အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့် ရွှေဘိုမြို့နယ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီချိန်က အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရွှေရတုခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်းသား” သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးမျိုးဦးက အဖွင့်အမှာစကား ပြောကြားရာစာတတ်ရုံမျှမက "ဗလငါးတန်" နှင့် ပြည့်စုံသည့် တိုင်းပြည်အတွက် အားကိုးရသော နိုင်ငံသားကောင်းများပေါ်ထွက်လာစေရန်အတွက်၊ စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့်တော်ဆုံး၊ ပညာဆည်းပူးလေ့လာသင်ယူရာဌာန ဖြစ်သဖြင့် မိမိတို့၏ရင်သွေးငယ်များမိမိတို့ ပတ်ဝန်းကျင်ရှိ ကလေးငယ်များ ပညာသင်ယူမှု့အခွင့်အရေး မဆုံးရှုံးစေရန် ပညာရေးမဝေးစေရန်အတွက်"ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့"ဆောင်ပုဒ်နှင့်အညီ အချိန်မှီကျောင်းအပ်နှံကြပါရန်နှင့် ပြည်သူလူထုအနေဖြင့် အမျိုးသားရေးတာဝန်တရပ်အဖြစ် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးဦးစိုးနိုင်က ဆရာမိဘကျောင်းသားများ သိရှိထားရမည့် ပညာရေးပြုပြင် ပြောင်းလဲမှုများ၊ ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးနေမှု၊ အခမဲ့ထောက်ပံ့ပေးသည့် အခြေအနေများတို့ကို ပြောကြားသည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးစာအုပ်၊ စာရေးကရိယာများ၊ကျောင်းဝတ်စုံများကို၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ပေးအပ်ရာခရိုင်/ မြို့နယ်ပညာရေးမှူးတို့ ကလက်ခံရယူခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးအောင်မြင့်နှင့်ခရိုင် ပညာရေးမှူးတို့က ပေးအပ်ရာ၊ကျောင်းအုပ်ဆရာကြီးဆရာမကြီးများက လက်ခံရယူခဲ့ပြီးအမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ဇာတိမာန် “ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
အဆိုပါ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး နှင့်ဝန်ထမ်းများခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)