မြေပုံ မေ ၂၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းဇယားများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်သည်။
ဗိုလ်မှူးချုပ်ကျော်ကျော်စိုးဦးဆောင်၍ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူးဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်များတို့က မြေပုံမြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများစိစစ်ပြီး လေဘေးသင့် မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၉) အုပ်စု၊ ကျေးရွာ (၁၃၉) ရွာသို့ ခေါက်ဆွဲခြောက် (၂၂၅၅၇) ထုပ်၊ သွားတိုက်ဆေး (၆၀၆၀) ဗူး၊ သွားပွက်တံ (၁၃၇၀) ချောင်း၊ ဘေထုတ် (၇) ထုပ်၊ ခေါင်မိုးသွပ် (၄ဝဝဝ) ချပ်၊ အိမ်ရိုက်သံ (၅၀) ဖာ၊ ခေါင်မိုးသံ (၂၁ဝ) ဖာ၊ ရေသန့်ဗူး (၂၀) လီတာဆန့်ဗူးခွံ (၄၉) ဗူး၊ မိုးကာစ (၄၀) လိပ်၊ တာပေါ်လင် (၅၀) လိပ်၊ အိန္ဒိယတာပေါ်လင် (၃၀) လိပ်၊ မိုးကာ (၆) ထုပ်ဖြန့်ဝေခြင်းတို့ကို စနစ်တကျဖြစ်စေရေးနှင့် စာရင်းဇယားမှန်ကန်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြောင်း သိရှိရသည်။
တင်ဝင်း