ဘူးသီးတောင် မေ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိလာသော ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု(၈၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ နှင့်တွေ့ဆုံခြင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လှူဒါန်းပေးသော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု Command Post ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုစာရင်းများအား ဓါတ်ပုံမှတ်တမ်းများနှင့်အတူ မှန်ကန်စွာတင်ပြနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများအနေဖြင့် ဇွန်လ(၁)ရက်နေ့တွင် ကျောင်းအားလုံးဖွင့်လှစ်နိုင်ပြီး ကျောင်းသား/သူများကျောင်းတက်ရောက်ခွင့်ရရှိရေးနှင့် ဆရာ/ဆရာမများ၏ လိုအပ်ချက်များကိုပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဇော်ဝင်းတို့ကမုန်တိုင်းဒဏ်ကြောင့် လိုအပ်သည့်ပစ္စည်းများအား စာရင်းကောက်ခံရာတွင် မှန်ကန်မှုရှိစေရေးကျေးရွာအုပ်စုတစ်စုချင်းအလိုက် တင်ပြစေလိုကြောင်းတို့ကို ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းမှမိုခါမုန်တိုင်းကြောင်း ကြိုတင် ပြင်ဆင်ဆောက်ရွက်ထားရှိမှုနှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့်ပျက်စီး ဆုံးရှုံးမှု၊ပြန်လည် ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ကျေးရွာအုပ်စု(၈၄)အုပ်စုမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကျောင်းဖွင့်လှစ်နိုင်မှု အခြေအနေများအား တစ်ဦးချင်းရှင်းလင်းတင်ပြရာ တာဝန်ရှိသူများမှပြန်လည် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးသော ကျေးရွာအုပ်စု(၂၀)စုရှိ လုံးဝပျက်စီးသွားသည့်အိမ်ထောင်စု (၂၀၀)စုအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါအရေအတွက် (၂၀၀) နှင့်ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် တာပေါ်လင်စ(၄၈)ချပ်အား ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် ခတာဝန်ရှိသူမျာက ထောက်ပံ့ပေးခဲ့ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)